Monday, August 4, 2008

မိုးမခ

မိုးမခ
ဂူးဂဲက အခမဲ့ပေးထားသော ဘလောက်အချို့ကို ယခုရက်ပိုင်းအတွင်း ပိတ်ဆို့ထားလိုက်သည်ကို တွေ့ရသည်။ ဘလောက်ဂါတို့က ၎င်းတို့စာများ၊ ရုပ်ပုံများကို တင်ရန် လော့ဂ်အွန် လုပ်ချိန်တွင်၊ ဂူးဂဲက “သင်၏ ဘလောက်ကို စပမ် (စားသုံးသူများကို အလွဲသုံးစား) လုပ်နေသည်ဟု ကျွန်ပ်တို့

အလိုအလျောက်စနစ်များက ယူဆသဖြင့် ယာယီ ပိတ်ဆို့ ထားပါကြောင်း၊ သင်သည် ယခုဘလောက်ကို အမှန်တကယ် စားသုံးသူဖြစ်ပါက ဂူးဂဲသို့ အကြောင်းပြန်ပါက ပြန်လည်စဉ်းစားမည် ဖြစ်ကြောင်း” သတိပေးစာတမ်း ထွက်ပေါ်လာသည်ကို တွေ့ရသည်။ ထိုနောက် အသစ်တင်သော စာများကို တင်ပေးမည် မဟုတ်သော်လည်း ယာယီသိမ်းဆည်းထားနိုင်သည်ဟု ဂူးဂဲစနစ်က စာမျက်နှာတွင် ဆိုသည်။

No comments: