Tuesday, August 10, 2010

ရွှေမန်းတင်မောင် နဲ့ တွံတေးသိန်းတန်

၉.၈.၂၀၁၀

ဖိုရမ်တွေမှာ ရွှေမန်းတင်မောင်ရဲ့ 'အောင်ပါစေ" သီချင်းကို ခဏခဏတောင်းနေကြပေမယ့် တင်ပေးဖို့အခက်ခဲ ရှိကြတယ်ထင်ပါတယ်။ ရှေးဟောင်းသီချင်းမို့ စိတ်ဝင်စားတဲ့သူ နည်းတဲ့အတွက်ကြောင့်လဲ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ၀ါသနာတူတဲ့သူတွေ နားဆင်နိုင် ကြစေဖို့ မြန်မာပြည်က သူငယ်ချင်းတယောက်ကို တိပ်ခွေမှ စီဒီအဖြစ်ပြောင်းခိုင်းပြီး ဒီနေရာကနေပဲ ဖြန့်ဝေပေးလိုက်ပါတယ်။ တဆက်တည်း တွံတေးသိန်းတန်ရဲ့ "တောကရွှေဧည့်သည် နှင့် စိုးမိုးမေတ္တာ" ဇာတ်လမ်းကိုပါ တင်ပေးလိုက်ပါတယ်။ အားလုံးပျှော်ရွှင် ချမ်းမြေ့ကြပါစေ။

ရွှေမန်းတင်မောင် အောင်ပါစေ (ပထမ)ပိုင်း
http://www.usaupload.net/d/o4v96sewooa
ဒုတိယပိုင်း
http://www.usaupload.net/d/cxfka1ppd31
တွံတေးသိန်းတန် စိုးမိုးမေတ္တာ (ပထမ) ပိုင်း
http://www.usaupload.net/d/7f8zns21pv8
ဒုတိယပိုင်း
http://www.usaupload.net/d/g7ce1r2gnsd

မေတ္တာဖြင့်
အစ္ဆရိယ

ဆက်လက်ဖတ်ရန်...

Saturday, June 19, 2010

သူငယ်ချင်းဖတ်ဖို့ (email post)

19.June.2010
သူငယ်ချင်း -

မင်းတို့တည်ထောင်ထားတယ်ဆိုတဲ့ Web Portal ကို လာလည်ပါဦးဆိုလို့ ငါလာသွားတယ်။
ဒါပေမယ့် ဝင်ဝင်ချင်းပဲ Home Page မှာရေးထားတဲ့ စည်းကမ်းချက်ကို တွေ့တာနဲ့ ငါလှည့်ပြန်ခဲ့တယ်ကွာ။ မင်းတို့ရဲ့ “နိုင်ငံရေးလုံးဝမရေးရ” ဆိုတဲ့ စည်းကမ်းချက်ကြီးလေ။ အဲဒါနဲ့ ပတ်သတ်ပြီး ဆွေးနွေးချင်လို့ ငါ ဒီစာလေးရေးလိုက်တာပါ သူငယ်ချင်းရေ။
ဒီလိုရေးထားတာကိုတွေ့တော့ ငါ ခံစားမိလိုက်တာက မင်းတို့ဟာအဲဒီ “နိုင်ငံရေး” ဆိုတဲ့စကားလုံးကို အတိအကျ နားမလည်နိုင်သေးဘူး ဆိုတာပါပဲ။ ငါသိသလောက်တော့ မင်းတို့ပြောချင်တဲ့ နိုင်ငံရေးဆိုတာတွေက အစိုးရကို ဝေဖန်တာ၊ အတိုက်အခံကို ထောက်ခံတာ၊ ပါတီထောင်တာ၊ ဆန္ဒပြတာတွေကို ဆိုလိုတာမဟုတ်လား။ ဒါဆိုလည်း နိုင်ငံရေးမရေးရ ဆိုတဲ့နေရာမှာ အစိုးရကိုမဝေဖန်ရ လို့ပဲရေးသင့်တာပေါ့ကွာ။ တကယ်တော့ နိုင်ငံရေးဆိုတာ နိုင်ငံသားတိုင်းနဲ့ သက်ဆိုင်တဲ့ အရေးကိစ္စ၊ တတိုင်းပြည်လုံး အတိုင်းအတာနဲ့ လုပ်ရမယ့် အရေးကိစ္စတွေကိုခေါ်တဲ့ နိုင်ငံ့အရေး ကိုပြောတာပါသူငယ်ချင်းရေ။ အစိုးရကိုဖြုတ်ချဖို့၊ အတိုက်အခံကို အားပေးဖို့ဆိုတာထက် ကိုယ်ပါဝင်နိုင်တဲ့ နေရာတစ်ခုကနေ တိုင်းပြည်နဲ့ လူမျိုး အကျိုးရှိမယ့် နိုင်ငံ့အရေးကိုတတ်နိုင်သလောက် လုပ်ကြရလိမ့်မယ်၊ ပြောကြရလိမ့်မယ်၊ နောက်ပြီး ရေးကြရလိမ့်မယ်သူငယ်ချင်း။

လူတွေက ဒီမိုကရေစီ လိုချင်တယ်၊ ဒီမိုကရေစီရရင် ချမ်းသာပြီ၊ လူစဉ်မီပြီလို့ ထင်နေကြတယ်။ လူ့အခွင့်အရေးတွေ အပြည့်အဝရလာတာနဲ့ မနက်ဖြန်တော့ ထိုင်း၊ စင်္ကာပူကိုမီပြီ၊ သန်ဘက်ခါတော့ ဂျပန်ကိုမီပြီ၊ နောက်တစ်ရက်ကျ အမေရိကန်ကိုမီမယ်လို့ ယုံကြည်နေကြတယ်။ ကမ္ဘာမှာ ဆင်းရဲနေတဲ့ ဒီမိုကရေစီနိုင်ငံတွေ အများကြီးဆိုတာ သတိထားမိစေချင်တယ်ကွာ။ ငါတို့ အိမ်နီးချင်း ဘင်္ဂလာဒေ့ရှ်ဟာ ဒီမိုကရေ စီနိုင်ငံတော်ကြီးပေါ့။ ဒီနေ့အစိုးရပြောင်း၊ နောက်နေ့ ဒီမိုကရေစီနိုင်ငံလို့ ကြေညာတာနဲ့ ငါတို့နိုင်ငံ နတ်ရေကန်ထဲကျသလို ဖြစ်မလာသေးပါဘူး။ ငါတို့ မြန်မာလည်း ဒီမိုကရေစီဖွံ့ဖြိုးလာတဲ့အခါ ဘင်္ဂလားဒေ့ရှ်လို ဖြစ်ချင်လား၊ ဂျပန်လိုဖြစ်ချင်လား။ ဒါ ငါတို့ရွေးရလိမ့် သူငယ်ချင်း။ ဒီမိုကရေစီကို မင်းလည်းလိုချင်တယ်၊ ငါလည်းချစ်တယ်။ ဒါပေမယ့် သူများတွေလို ပါတီထဲလည်း မပါရဲဘူး။ လမ်းပေါ်လည်း မထွက်ရဲဘူးမဟုတ်လား။ ဒီတော့ ငါတို့တွေလုပ်သင့်တာက အစိုးရအပြောင်းအလဲကို ရည်ညွှန်းတာမဟုတ်တဲ့ နိုင်ငံရေးပဲ သူငယ်ချင်း။ ဒီလိုပြောလို့ ငါတာဝန်မဲ့တာမဟုတ်ဘူးနော်။ တာဝန်ခွဲယူတာပါ။ ဒီနေ့ခေတ်ကြီးမှာ အစိုးရကို အတိုက်အခံလုပ်နေတဲ့ အဖွဲ့တွေဟာ လက်ဆယ်ချောင်း ဘယ်ကမလဲ။ သံဃာတွေချည်းပဲကိုက ၂ ဖွဲ့ ၃ ဖွဲ့၊ ကျောင်းသားအဖွဲ့ကချည်းပဲ ၅ ဖွဲ့လောက်၊ ပြည်ပရောက် အစိုးရက ၂ ဖွဲ့လောက်၊ ပြည်တွင်းမှာ UG ဆန်ဆန်လုပ်နေကြတာက ၅ ဖွဲ့လောက်၊ လက်နက်ကိုင်ထားတာ၊ တိုင်းရင်းသားအဖွဲ့အစည်းဆိုတာတွေနဲ့ ပေါင်းလိုက်ရင် ... သူငယ်ချင်းရေ - တနေ့နေ့များ ဒီမိုကရေစီရခဲ့ရင် အားလုံးညီညီညွတ်ညွတ် ပြန်ပေါင်းထုပ်နိုင်ကြပါတော့မလားပဲ။ ကဲ ဒီလူတွေက အစိုးရပြောင်းဖို့၊ စနစ်ပြောင်းဖို့ လုပ်နေကြပြီဆိုတော့ ငါတို့ကလည်း ကိုယ်တတ်နိုင်တဲ့ဘက်က လုပ်နိုင်တဲ့ နိုင်ငံရေးကို လုပ်ကြရလိမ့်မယ်။ ပြည်တွင်းက နာမည်ကြီးမဂ္ဂဇင်းတစ်ခုက အယ်ဒီတာချုပ်တစ်ယောက်ပြောတာလေး သတိရတယ်။ လုပ်ချင်တာတွေ လုပ်ခွင့်မရသေးခင်မှာ လုပ်သင့်တာလုပ်ကြရတယ်ဆိုတာ မှန်ပေမယ့် လုပ်နိုင်တာလည်း လုပ်ထားကြရ မယ်တဲ့လေ။ သူငယ်ချင်း ငါတို့ ဘာလုပ်ထားနိုင်မလဲ။ ဒီမိုကရေစီရလာရင် အဆင်သင့်ဖြစ်နေအောင် ငါတို့ ဘာတွေပြင်ဆင်ထားကြမလဲ။ ငါတော့ အဲဒီနိုင်ငံရေး လုပ်ချင်တယ်ကွာ။ နိုင်ငံ့အရေးပေါ့။ ငါတို့တွေ အဖွဲ့အစည်းတစ်ခုအနေနဲ့ မဟုတ်ဘဲ တစ်ဦးချင်းလုပ်ထားနိုင်တာတွေမှာ လူတစ်ဦးချင်းစီရဲ့ စည်းကမ်းနဲ့ ကိုယ်ကျင့်တရားတွေ ပြန်ကောင်းမွန်လာအောင်၊ အကျင့်ပျက်လာဘ်စားမှုတွေကို အားမပေးမိအောင်၊ အားကစား၊ ပညာရေးနဲ့ ကျန်းမာရေး ဆုတ်ယုတ်နေမှုတွေကို ပြန်တိုးတက်လာအောင် တဘက်တလမ်းက ဝင်ကူကြဖို့တွေဟာ ထိပ်ဆုံးက ဦးစားပေးရမယ့် အလုပ်တွေပေါ့သူငယ်ချင်း။ ဒါတွေဟာ ဒီမိုကရေစီမှ မဟုတ်ပါဘူးကွာ။ ဘယ်စနစ်၊ ဘယ်တိုင်းပြည်အတွက်မဆို လိုအပ်လှတဲ့ အခြေခံအုတ်မြစ် စစ်စစ်တွေပါပဲ။ စိတ်မကောင်းစရာက ငါတို့နိုင်ငံမှာ ဒါတွေဟာ ဆိုးဆိုးရွားရွားပျက်စီးနေတာပါပဲ။
သူငယ်ချင်း - မင်း သတိထားမိလားတော့ မသိဘူး။ ငါတို့နိုင်ငံမှာက လူတွေကို စည်းကမ်း လိုက်နာစေချင်ရင် ဒဏ်ငွေကောက်တဲ့ နည်းလမ်းကို သုံးတယ်နော်။ တိတိကျကျလိုက်ပြီး ဒဏ်ငွေကောက်နိုင်သလားဆိုတော့ မကောက်နိုင်ပါဘူး။ ဒဏ်ငွေတွေ၊ ထောင်ဒဏ်တွေနဲ့သာ ခြိမ်းခြောက်နေတာ - ဘာဖြစ်လို့ ဒီစည်းကမ်းတစ်ခုခုကို လူတွေ လိုက်နာသင့်သလဲ ဆိုတာမျိုးကို တာဝန်ရှိသူတွေက လူတွေနားဝင်အောင်တော့ ဘယ်တုန်းကမှ ရှင်းမပြခဲ့ဘူး။ မလုပ်နဲ့ လုပ်ရင် ဒဏ်ငွေဆိုတာပဲ ထပ်ခါတလဲလဲ ကြေညာနေတာမဟုတ်လား။ ဒီတော့ လူလစ်ရင်၊ စောင့်ဖမ်းမယ့်လူ မရှိရင် လုပ်ချင်တာတွေ လုပ်လာကြရော။ ဒီလိုစည်းကမ်းဖောက်လိုက်လို့ ဘာအကျိုးအပြစ်တွေ ဖြစ်လာသလဲ မတွေးကြတော့ဘူးလေ။
ဥပမာ - အစိုးရရုံး အဆောက်အဦးက လှေခါးကွေ့လေးတွေမှာ ကွမ်းတံတွေးတွေ ထွေးကြတယ်။ မထွေးရ၊ ဒဏ်ငွေ ဆိုတာကြီးလည်း ရေးထားတယ်။ ဒါပေမယ့် ရုံးကလူကလည်း ထွေးတယ်။ အလုပ်ကိစ္စလာတဲ့ အပြင်လူကလည်း ထွေးတယ်။ အဖမ်းခံရတဲ့ လူရှိတယ်လို့လည်း တခါမှ မကြားမိပါဘူးကွာ။ တကယ်တော့ ဒဏ်ငွေတွေ ဘာတွေ ရေးနေစရာကို မလိုပါဘူး။ အဆောက်အဦးရဲ့ လှေခါးထစ်ဟာ ကွမ်းတံတွေး ထွေးရမယ့်နေရာ မဟုတ်ဘူးဆိုတာ လူတိုင်းသိနေတာပဲ မဟုတ်လား။ အဲဒီလို စည်းကမ်းမဲ့ တံတွေးထွေးတဲ့ လူတွေဟာ သူတို့အိမ်က အိမ်ထောင့်လေးတွေ၊ အဝတ်ဘီရိုနားတွေ၊ သောက်ရေအိုးစဉ်နားတွေမှာရော ကွမ်းတံတွေး ထွေးနေကြမယ်ထင်လား။ မလုပ်ပါဘူး သူငယ်ချင်းရေ။ ကိုယ့်အိမ်လေကွာ။ ကိုယ့်အိမ်ညစ်ပတ်မှာ၊ ရောဂါပိုးမွှားရှိလာမှာ၊ အမြင်မတော် စိုးရိမ်တယ်လေ။ လူတစ်ဦးချင်းစီရဲ့ စည်းကမ်းနဲ့ ကိုယ်ကျင့်တရားဆိုတာ အဲဒါပါပဲ။ ဒါလေးက သိပ်သေးလွန်းတဲ့ ဥပမာပါ။ ငါတို့ဟာ သမိုင်းကြောင်းကောင်းတဲ့နိုင်ငံ၊ ယဉ်ကျေးမှုမြင့်မားတဲ့နိုင်ငံ၊ နိုင်ငံကြီးသားတွေ နေတဲ့နိုင်ငံဆို ဘယ်အစိုးရပဲ အုပ်ချုပ်နေပါစေ - လူတစ်ဦးချင်းစီဟာ အောက်တန်းကျတဲ့ စိတ်ညစ်တွေ ရှိမနေသင့်ဘူး။ ဒါဟာ ပညာမတတ်တာနဲ့လည်း မဆိုင်ဘူး။ သူတို့မှာ ပင်ကိုရှိပြီးသား အသိဥာဏ်တစ်ခုပါပဲ။ နည်းနည်းလောက် သတိပြန်ပေးလိုက်တာနဲ့
ဆင်ခြင်သွားနိုင်တဲ့ ကိစ္စမျိုးပါ။ စီးပွားရေးချွတ်ခြုံကျမှုရဲ့ အကျိုးဆက်တွေအနေနဲ့ ငွေကို
ဘယ်လိုနည်းနဲ့မဆိုရဖို့ ကြိုးစားလာတဲ့အချိန်မှာ လာဘ်ပေး၊ လာဘ်ယူဇာတ်လမ်းတွေဟာလည်း ပေါများသထက် ပေါများလာဦးမှာပါ။ လူတစ်ယောက်ရဲ့ အခက်အခဲ တစ်ခုကို ကူညီနိုင်ပါရဲ့နဲ့ တရားမဝင် လာဘ်ငွေပေးမှ လုပ်ပေးမယ်ဆိုတဲ့ စိတ်ဓါတ်ဟာ သိပ်စိတ်ပျက်စရာပါပဲ။ မရှိလို့ အကြံအဖန်တောင်းစားရတယ်ဆိုတာကို နားလည်ပေးနိုင်ပေမယ့် ဒါဟာ သူလုပ်ပေးရမယ့် တာဝန်တစ်ခု (Responsibility) ဖြစ်ပြီး တဘက်လူရဲ့ အခက်အခဲကိုလည်း ကြည့်ရမယ်မဟုတ်လား။ ဒီတော့ ခုနပြောတဲ့ ကိုယ်ကျင့်တရား ကောင်းမွန်လာတဲ့အခါ လာဘ်စားမှုတွေလည်း လျော့ပါးလာမယ်လို့ ငါတော့ယုံတယ်သူငယ်ချင်း။
သူငယ်ချင်းရေ - ပြောလက်စနဲ့ ဆက်ပြောဦးမယ်ကွာ။ ငါတို့နိုင်ငံမှာ အားကစားအကြောင်းပြောကြဟေ့ဆို “တချိန်က” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဗဟာဒူးတို့ကဘယ်လို၊ ရှင်ဗွေဂန်း၊ မီတုန်းနော်ကဘယ်လိုဆိုပြီး အတိတ်ကို စလွမ်းကြရတော့တာပဲ။ ပညာရေးဆိုလည်း “အရင်ကရန်ကုန်တက္ကသိုလ်ဟာ အရှေ့တောင်အာရှမှာ...” ဆိုပြီး ပြန်တမ်းတကြရပြန်တော့ပဲမဟုတ်လား။
သူငယ်ချင်းရေ - ပညာရေးပဲဖြစ်ဖြစ်၊ အားကစားပဲဖြစ်ဖြစ် တနိုင်ငံလုံး အတိုင်းအတာနဲ့ နိုင်ငံတကာအဆင့်ရောက်အောင်တော့ ငါတို့ဟာ အစိုးရအကူအညီမပါဘဲ မရနိုင်ပါဘူး။ ဒါပေမယ့် အစိုးရလုပ်ပေးလိမ့်မယ်ဆိုပြီး စောင့်နေတာထက် ငါတို့တွေအနေနဲ့ ကလေးနဲ့ လူငယ်တွေရဲ့ ပညာရေးကို ဘယ်လိုများ ထောက်ပံ့အားပေးနိုင်မလဲဆိုတာ နည်းလမ်းရှာထားသင့်တယ်။ မင်းတို့လို IT ပညာရှင်တွေက အလယ်တန်းအဆင့်လောက် ကျောင်းသားတွေကစပြီး ကွန်ပျူတာနဲ့ အင်တာနက်ကို မိတ်ဆက်ပေးကြမယ်၊ အားကစားမှာ ထွန်းပေါက်တဲ့လူတွေကလည်း ကျောင်းသားတွေကစလို့ အားကစားအခြေခံလေးတွေကို ကိုယ်ကျိုးမရှာဘဲ သင်ပေးကြမယ်၊ အကြားအမြင်ဗဟုသုတရှိတဲ့ ပညာတတ်တွေကလည်း ဟောပြောပွဲတွေလုပ်လို့ ကလေးနဲ့ လူငယ်တွေကို လိမ္မာလာအောင်၊ ကိုယ်ရည်ကိုယ်သွေးမြင့်မားလာအောင် နားချကြမယ်ဆို ငါတို့ဟာ ငါတို့လုပ်နိုင်တဲ့ တာဝန်တစ်ခုကို ကျေပွန်အောင် လုပ်နိုင်ကြပြီလို့ ခံယူရမှာပါပဲကွာ။ ဒီလူငယ်တွေကို ဒီမိုကရေစီတွေ၊ စစ်အစိုးရတွေ ဘာမှ မသင်ပေးပါနဲ့ဦး။ တိုင်းပြည်နဲ့ လူမျိုးကို ချစ်တတ်အောင်၊
မနက်တိုင်း ရွတ်ဆိုနေတဲ့ ကမ္ဘာမကြေသီချင်းဟာ ဘာအတွက်ဆိုကြရတယ်ဆိုတာသိအောင်၊ ယူနီဖောင်းဘာလို့ ဝတ်ကြတယ်ဆိုတာလောက်ပဲ အရင်သိအောင် လုပ်ပေးနိုင်ရင်ပဲ တော်လှပါပြီ။ ဒီကလေးတွေနဲ့ လူငယ်တွေဟာ ငါတို့တိုင်းပြည်ရဲ့ အနာဂတ်တွေပဲမဟုတ်လား။

သူငယ်ချင်းရေ - မိချောင်းမင်း ရေကင်းပြသလိုများ ဖြစ်နေသလားကွာ။ ငါအပေါ်မှာ ရေးထားခဲ့တာတွေဟာ နိုင်ငံရေးတွေပေါ့။ ဒါပေမယ့် ငါ အစိုးရဖြုတ်ချဖို့၊ ဆန္ဒပြဖို့ တစ်လုံးမှ မရေးထားဘူးနော်။ ဒီလိုနိုင်ငံရေးမျိုး ငါတို့လုပ်ကြရမယ်သူငယ်ချင်း။ ရေးကြရမယ်။ တနည်းအားဖြင့် ဆွေးနွေးကြရမယ်။ ငါတို့အနာဂတ်ဟာ အစိုးရပြောင်းမှပဲ တောက်ပလာမယ်ဆိုတာကို ခေါင်းထဲက ခဏထုတ်လို့ အဖြစ်နိုင်ဆုံးနည်းလမ်းတွေနဲ့ တိုင်းပြည်ကို ကူညီကြရမယ်။ ငါတို့တောင့်တတဲ့ ဒီမိုကရေစီထွန်းကားလာတဲ့အခါ ငါတို့ပြည်သူတွေဟာ ဒီမိုကရေစီနဲ့အညီ နေထိုင်တတ်တဲ့ ပြည်သူတွေ ဖြစ်နေမယ်ဆို ဘယ်လောက်ကောင်းလိမ့်မလဲကွာ။ ကြားဖူးတဲ့ ဆိုရိုးစကားလေး တစ်ခုရှိတယ်။ တိုင်းပြည်တစ်ခုကပြည်သူတွေဟာ သူတို့နဲ့တန်တဲ့ အစိုးရပဲ ရတတ်တယ်တဲ့။ ဒီဆိုရိုးလေးမှန်မယ်ဆိုရင် ငါတို့စည်းကမ်းပြည့်ဝပြီး ကိုယ်ကျင့်တရားကောင်းလာတဲ့အခါ ငါတို့အစိုးရလည်း မင်းကောင်းမင်းမြတ်တွေ
ဖြစ်လာမှာပေါ့။ မကောင်းတဲ့လူတွေ ဘေးဖယ်သွားကြရပါလိမ့်မယ်။
မင်းလည်း မြန်မာ၊ ငါလည်း မြန်မာ - မြန်မာတွေ ဖြစ်ပါရက်နဲ့
မြန်မာ့နိုင်ငံရေးကို မရေးရ၊ စိတ်မဝင်စားရဆိုတော့ - သူငယ်ချင်း
မင်းတို့လုပ်ထားတဲ့ Portal က ဘယ်သူတွေ အတွက်တုန်း။ ငါပြောတာတွေ
မင်းနားလည်မယ်ဆို နိုင်ငံရေးလုပ်ကြစမ်းပါလို့ မင်းသူငယ်ချင်းတွေကို
ထပ်ပြောပေးပါကွာ။ သိပ်နောက်မကျခင် နိုင်ငံရေးလုပ်ကြစို့လို့။
PS. လူတိုင်းနိုင်ငံရေးဆိုတဲ့ဝေါဟာရကိုဒီလိုနားလည်နိုင်ရင်
ကျွန်တော်တို့မြန်မာပြည်လည်း နိုင်ငံတကာကို ရင်ဘောင်တန်းနိုင်မယ်
လို့ယုံကြည်ပါတယ်။ ကျွန်တော်တို့လည်း နောက်မကျသေးခင် ကိုယ်တတ်နိုင်တဲ့နိုင်ငံရေးကို
လုပ်ဆောင်ကြရအောင်




ဆက်လက်ဖတ်ရန်...

Saturday, May 22, 2010

“ခရောင်းလမ်းကို…ဖြတ်ကျော်ခြင်း”

22.05.2010
(လွန်ခဲ့သော ဆယ့်ငါးနှစ်ခန့်က မိမိရေးသားခဲ့သော ကဗျာတပုဒ်)။


 ဘ၀ပန်းတိုင်…ရောက်ဖို့အတွက်
ခရောင်းတောလမ်း…ဖြတ်သန်းနေတဲ့…ငါ
ဘယ်သူ့ဆီမှ…ဒူးမထောက်
ကိုယ့်ခရီး…ကိုယ်လျှောက်မယ်ဆိုတဲ့…ငါ
မာနကို…အားကိုးပြု
ဘ၀တခုကို..ကျမ်းပြုမယ်ဆိုတဲ့…ငါ
ကိုးကွယ်ခဲ့တဲ့…မာနတရား
ချို့တဲ့ခြင်းဆိုတဲ့…ဓားက ဖြတ်လေတော့
ငါ..ငါ…..ငါဆိုတဲ့..အတ္တ
ခုတော့ ခ၀ါ..ချခဲ့ရပြီ……..

 ငွေတဆယ်…ခါးထဲထည့်
လမ်းလျှောက်ထွက်ခဲ့တဲ့…ငါ
ဘာဆို..ဘာမျှ မတွေး
တွေးတာက..တခု
လ္ဘက်ရည်တခွက်…၁၂ကျပ်
ငါ…အနားမကပ်နိုင်ပြီ..လို့
အောက်ငုံ့ကာ…ခြေထောက်ကြည့်
အဆင်းမရှိသည့်…ဖိနပ်
တွန့်လိမ်နေတဲ့…နှုတ်ခမ်း
ယောင်းယမ်းကာ…စမ်းမိ
ငွေတဆယ်..ဆိုတဲ့..အသိက
စမ်းနေတဲ့လက်အား
ရပ်တန့်သွားစေခဲ့တယ်


 တဖန်
ကိစ္စတခုအတွက်
ဈေးချို..ထွက်ခဲ့တဲ့…ငါ
ရပ်နေတဲ့..ဘတ်စ်ကား
မှီလိုငြား…အတင်းလျှောက်
28/29 ဈေးချို နှစ်ဆယ်
စပါယ်ယာစကား
တက်တော့မယ့်…ခြေလှမ်း
အမ်းတန်းတန်း…ဖြစ်စေခဲ့တယ်…..

 ဗလာစာအုပ်…တစ်အုပ်
ဆယ့်ကိုး နှစ်ဆယ်
တန်ဖိုးမငယ်တဲ့
ဈေးနှုန်းတွေကြား
အညံ့စားကို
ဝယ်ယူသုံးစွဲ
အားမာန်ခဲ၍
ဘ၀တိုးတက်ရေး
အစဉ်တွေးနေတဲ့…ငါ
ထောက့်ပံ့မည့်သူ…မရှိ
ဒီတော့
ဝင်ငွေက..နတ္ထိပေါ့
ထွက်ငွေက..တရစပ်
ဝင်ငွေက…ပြတ်တတ်တတ်နဲ့
ရှေ့လျှောက်ရမည့်…အရေး
ငါ့ရင်တွေ…လေးနေမိတယ်။

 ဘာပဲဖြစ်ဖြစ်
မှင်လိုက်မမှန်တဲ့..ဘောလ်ပင်တချောင်း
အရောင်မရှိတဲ့…ဖိနပ်တရံ
၁၃ကျပ်တန်…ခပ်ညံ့ညံ့ စာအုပ်တစ်အုပ်
ခပ်စုတ်စုတ်…ထီးတလက်
ဒါတွေဟာ
ဘာပဲဖြစ်ဖြစ်
သစ္စာမပျက်တဲ့…မိတ်ဆွေစစ်တွေပေါ့
သူတို့ကိုအားထား
လောကဓံကို..ကျော်လွှားရင်း
ပန်းတိုင်သို့…စိုင်းပြင်
ငါ…ခရီးနှင်ရအုံးမည်၊

 အော်…ဘ၀..ဘဝ
သပိတ်တလုံး
သင်္ကန်းသုံးထည်ဆို
ပြည့်စုံတယ်ဆိုတဲ့..ရဟန်းဘဝ
ခုတော့…ခက်ချေပြီ။

အရှင်အစ္ဆရိယ

ဆက်လက်ဖတ်ရန်...

Saturday, January 30, 2010

Internet ဆိုင်က ရန်ပွဲ

အားလုံး ပျှော်စေ ပြုံးစေ ရယ်စေ ရွှင်စေဖို့ မေလ်းထဲက ပို့စ်လေးတခုကို ထပ်ပြီး ဝေငှလိုက်ပါတယ်။
၃၀.၀၁.၂၀၁၀

ဇာတ်လမ်းအစ...
အင်တာနက်ကဖေးဆိုင်တစ်ခုအတွင်း ဆိုင်အ၀င် ကောင်တာတွင်
ဆိုင်ထိုင်နေသောကောင်မလေးနှင့် ကူညီပေးသူကောင်လေးတစ်ယောက်ရှိနေ၏
ဆိုင်အတွင်း အသည်းအသန်chatting လုပ်နေကြသူ
ကောင်လေးကောင်မလေးများ မျက်စိအစာကျွေးနေသောဦးလေးကြီးမျ
ား တစ်ဖက်အခန်းတွင်
ဖရုသ၀ါစာ စကားလုံးများဖောဖောသီသီသုံးပြီး Game ဆော့နေကြသော
အရွယ်မျိုးစုံယောက်ျားလေးများလည်းရှိနေကြသည်

ထိုအချိန်တွင် ဆိုင်အတွင်းသို့
ပိုက်ဆံအိတ်ခပ်ကြီးကြီးလွယ်ထားပြီးမျက်နှာတွင် မိတ်ကပ်များကို
စိတ္တဇပန်းချီဆရာ
တစ်ယောက်စိတ်ကြိုက်ချယ်ထားသကဲ့သို့ ပြင်ဆင်ထားသော
အမျိုးသမီးကြီးတစ်ဦးဝင်လာလေသည်
“ သမီးရေ အန်တီ့သမီးနဲ့ video chat ပြောချင်လို့ပါကွယ် လုပ်ပေးပါအုန်း ’’
“ဟုတ်ကဲ့ပါ သမီးဘေးက ဒီကွန်ပြူတာမှာထိုင်လိုက်နော်’’

“ လိုင်းတွေကရောကောင်းရဲ့လားကွယ်
ဟိုနေ့ကတော့အန်တီပြောတာအသံကသိပ်မကြားရလို့ကွယ့် အန်တီ့သမီးလေးက
စင်ကာပူမှာလေ သူက အန်တီနဲ့နေ့တိုင်းနီးပါးစကားပြောချင်တာတဲ့
အိမ်ကိုလည်းဖုန်းဆက်ပါတယ်ကွယ်ခဏခဏပဲ အန်တီက
သူ့မျက်နှာလေးပါမြင်ချင်လို့ဒီကိုလာရတာပါ
တကယ်ဆိုအန်တီကလေဒီလိုလူတွေကြားထဲစကားသိပ်ပြောတတ်တာမဟုတ်ဘူး သိတယ်မှတ်လား
ဒီအချိန်ကအရမ်းပူတာလေ အန်တီက Aircon
အခန်းထဲမှာနေရမှနေလို့ကောင်းတာသမီးရဲ့ ”

“ ဟုတ်ကဲ့ ကျွန်မတို့ဆိုင်ကအမြန်နှုန်းက အရမ်းကောင်းပါတယ်အန်တီ
လှစ်လှစ်ကိုပြေးနေတာပဲပြီးတော့ ဒီဆိုင်မှာက မီးစက်ကို ၂၄
နာရီမောင်းထားတာပါ ဒီတော့ Aircon ကလည်းအမြဲအေးပါတယ်ရှင့် သြော်..
ရပြီအန်တီ အန်တီ့သမီးကိုပြောလို့ရပါပြီနော် ဟယ်လို ဟယ်လို
ကြားရလားခဏလေးနော် ရော့အန်တီ ..ပြောလို့ရပါပြီ ”

“အေး သမီးရေ မေမေပါ ကြားရလားသမီးလေးသမီးလေးနေကောင်းရဲ့လား
ဒီနေ့သမီးလေးနားရက်ဆိုလို့
မေမေလာခဲ့တာလေသမီးရဲ့သမီးဖေဖေကတော့မလိုက်လာဘူးလေ
သူကဒီလိုလာပြောရတာကိုရှက်လို့တဲ့ကွယ် တကယ်တော့ဘာရှက်စရာလဲ သမီးရယ်
ကိုယ့်သမီးက နိုင်ငံခြားရောက်နေလို့ ဒီလိုလာပြောခွင့်ရတာလေ
သူများတွေများဒီလိုအခွင့်ရလို့လား လမ်းထဲကမိန်းမတွေကလေ
မေမေ့ကိုမနာလိုတောင်ဖြစ်နေကြတာသမီးရဲ့သိလား
သူတို့မနာလိုပိုဖြစ်အောင်အခုဆို ပိုလို့တောင်လုပ်ပြသေးတယ် မေမေကလေ
ရပ်ကွက်ထဲမှာ နိုင်ငံခြားသွားနေတဲ့သားသမီးရှိတဲ့
မိဘတွေနဲ့ပဲအပေါင်းအသင်းလုပ်တော့တာ
ဒါမှ သူပြောတာကိုယ်သိကိုယ်ပြောတာသူနားလည်ဖြစ်မှာပေါ့သမီးရဲ့ နော်..”

ထိုအချိန်တွင်ဆိုင်အတွင်းသို့ ခပ်ရိုးရိုးပုံစံ
အမျိုးသားကြီးတစ်ဦးဝင်လာသည်ကောင်တာမှကောင်မလေးကို “သမီး
ဦးလေးသားကိုတစ်ချက်လောက်ခေါ်ပေးစမ်းပါကွယ် ” “ဦးလေးသားကဘယ်သူလဲရှင်”
“ညိုမောင်တဲ့ကွယ့် ” “သြော် ဟုတ် ဒီဆိုင်ထဲမှာရှိနေတာလား ခဏလေးနော်” “
ဟာ.. မဟုတ်ဘူးလေ သမီးရဲ့ ဦးလေးသားက မလေးရှားမှာလေ
သူနဲ့စကားပြောချင်လို့သမီးကိုဖုန်းခေါ်ခိုင်းတာ
အရင်တော့ဦးလေးသားအကြီးကဒီကနေလာပြောတယ်ဆိုပဲကွယ့်ဦးလေးကခုမှလာဖူးတာ
ငါ့တူမပဲခေါ်ပေးပါအုန်း ”

(အမျိုးသမီးကြီး……… )
သမီးအလုပ်ရောအဆင်ပြေရဲ့လားသမီးရေ အမ်..ဘာဖြစ်တယ် ဘာလျှောက်တာမရဘူး ပီအာ
(PR) ဟုတ်လား လျှောက်မနေပါနဲ့သမီးရယ် ၀ယ်လိုက်ပါလား အဲဒါကို
..သြော်မရဘူးလားဝယ်လို့ အေးလေဒါဆိုလည်းဘယ်တတ်နိုင်ပါ့မလဲကွယ်
မေမေကပိုက်ဆံပေးရင်ဝယ်လို့ရမယ်ထင်နေတာသမီးရဲ့
ဒါဆိုသမီးလေးကဘယ်လိုလုပ်မှာလဲ ဒီလကုန်မှာ
သမီးနေရမယ့်ရက်ပြည့်သွားပြီဟုတ်လား အဲလိုဆိုတော့ သမီးကပြန်လာရမှာလား
ပြန်တော့မလာနဲ့သမီးရယ် ရပ်ကွက်ထဲကလူတွေကအတင်းပြောကြမှာ

( ဆိုင်မှ ကောင်မလေးနှင့် အမျိုးသားကြီး……)
ဟယ်လို ဟယ်လို မလေးရှားကလားရှင် ခဏလေးနော် မြန်မာပြည်ကဆက်တာပါ
ဦးလေးရပြီနော် ပြောလို့ရပါပြီ ဟယ်လို ဟယ်လို သားလားကွ ငါပါ မင်းအဖေလေ
အေး ….ခွီးတဲ့မှပဲကွာ မင်းကလည်း ငါတို့ကိုအဆက်အသွယ်တောင်မလုပ်တာကြာပြီ
မင်းအဆင်ပြေရဲ့လားကွ ဘာဖြစ်တယ် အိုဖြစ်သွားလို့ဟုတ်လား မင်းက
မိန်းမဘယ်တုန်းကယူလိုက်လို့ အိုသွားတာတုန်းကွ မင်းကွာ
မိဘကိုတောင်မတိုင်ပင်ပဲ ဘိုမတွေကိုယူလိုက်တာလားကွာ
ဒါတော့ငါသိပ်စိတ်ဆိုးတယ်

သြော် နေဖို့ရက်လွန်သွားတာဟုတ်လား ဒါဆိုလည်းပြန်လာလေကွာ
မင်းကအဘတို့ကိုချမ်းချမ်းသာသာထားချင်တယ်
ပိုက်ဆံများများရှာချင်တယ်ဆိုလို့သာငါတို့ကလွှတ်ပေးရတာ
ရွာမှာလယ်လုပ်စားလည်း ထမင်းမငတ်ပါဘူးကွာ ရွာသာပြန်ပြီးအေးဆေးနေပါလားကွာ
မင်းသွားတုန်းက အဘတို့ရောင်းလိုက်ရတဲ့
လယ်တွေနဲ့နွားမကြီးလည်းအခုပြန်ဝယ်ပြီးပါပြီကွ
ငါတို့ဒီမှာအားလုံးအဆင်ပြေတယ်
မင်းပို့တဲ့ပိုက်ဆံတွေအဘတို့ မဖြုန်းပစ်ပါဘူးကွာ

(အမျိုးသမီးကြီး……….)
ဟိုဟာလေသမီးအရင်နေတဲ့ အက်စ်ပတ် ( S pass ) ဆိုလား ဘာလား
အဲဒါကိုပဲပြန်လုပ်ပါလားသမီးရဲ့လုပ်ထားလား အေး အေးကောင်းတယ်သမီး
ပြန်လာဖို့တော့မစဉ်းစားပါနဲ့သမီးရယ် နော် မရခင် ရက်ပြည့်သွားရင်
အဲဒီမှာနေလို့မရတော့ဘူး ဟုတ်လား ဒါဆိုဘယ်လိုလုပ်ရမှာလဲကွယ့်
Stay ရှောင်ရမယ် အေးလေဘယ်တတ်နိုင်ပါ့မလဲကွယ် ဒါနဲ့
သမီးကဘယ်ကိုသွားမှာလဲ ဘယ်လိုဘယ်လို အော်ဇီ ဟုတ်လား ဘာတုန်းသမီးရဲ့
အော်ဇီဆိုတာဘာတုန်းမေမေမှမသိတာ သြော် Australia ကိုလား
အင်းသမီးကသွားမှဖြစ်မယ်ဆိုတော့လည်း ဘယ်တတ်နိုင်ပါ့မလဲသွားပေါ့ကွယ်

ပြန်လာလို့တော့လုံးဝမဖြစ်ဘူးနော်သမီး မေမေတို့ဂုဏ်ငယ်သွားမယ်သမီးရဲ့
ပိုက်ဆံရတာမရတာကအရေးမကြီးပါဘူးကွယ်သမီးလိုရင် ညည်းဖေဖေမသိအောင်
မေမေပို့ပေးမှာသိလား ပြန်သာမလာနဲ့ နော်

(အမျိုးသားကြီး………….)
မင်းတို့က မိုးမလင်းခင်ကတည်းကအလုပ်သွား
မိုးစုန်းစုန်းချုပ်မှပြန်လာရတာဆိုကွ ရွာမြောက်ပိုင်းက
ဖိုးထောင်ကသူ့အိမ်ကို စာရေးတာအဲလိုမျိုးပါတယ်တဲ့ကွ
ပင်ပန်းတာလည်းလွန်ပါရောဆို ညပြန်ရောက်တာနဲ့ တချိုးတည်းအိပ်တာ
အချင်းချင်းတောင်စကားမပြောနိုင်ဘူးဆို
မင်းတို့ဟာကလည်းကွာ ရွာမှာလယ်လုပ်တာထက်ပိုဆိုးနေပါလားကွာ
ဟိုပွဲစားပြောသွားတုန်းကတော့ အဘတို့တတွေ အေးအေးနေတော့ဆိုကွ

အဘသားကဟိုရောက်ရင်ပင်ပင်ပန်းပန်းလုပ်စရာမလိုဘူး Aircon
ခန်းထဲမှာအေးအေးနေရပြီး ပိုက်ဆံရမှာဆို ဒါဆိုဒီကောင်ကငါတို့ကိုလိမ်တာပေါ့
နေပစေအုန်း တစ်ခါလောက်တော့မှတ်လောက်သားလောက်အောင်
ရွာကကာလသားတွေခေါ်လာပြီးပြသနာ သွားရှာပစ်ရမယ်ကွာ ဘာမလုပ်ပါနဲ့လဲကွ
ဒီလိုကောင်မျိုးတွေကို ဒီလောက်တော့ပြောသင့်တာပေါ့ကွာ မင်းကလည်း
ေ….ာက်ရေးမပါတာ ဘာဂရုစိုက်ရမလဲကွ မင်းအဘငါ့အကြောင်းလဲသိတယ်မလား

(အမျိုးသမီးကြီး နှင့် အမျိုးသားကြီးအခြေအတင်ပြောခန်း.. )
အို … အသံကြီးကလည်းအကျယ်ကြီးနဲ့အလိုက်မသိလိုက်တာဒီလူကြီးနှယ်
ဒီဘက်မှာသူများတွေ စကားပြောနေတယ်ရှင့်
ရိုင်းရိုင်းစိုင်းစိုင်းတွေကလည်းပါသေး
အဆင့် ကိုမရှိဘူးတကယ့် တစ်လုံးချိုင့်ပဲ

အလိုဗျာ ခင်ဗျားဘာသာစကားပြောတာ
ကျုပ်ကလာဝင်လုပြောနေလို့လားအသံကျယ်တာဘာဖြစ်တုန်း တိုးတိုးပြောရအောင်
လူမကြားဝံ့တာပြောနေတာမှမဟုတ်တာ
ကျုပ်လည်း ဒီမှာနိုင်ငံခြားကကျုပ်သားနဲ့ပြောနေတာပါဗျ

အမယ်လေး မလေးရှားသွား အလုပ်ကြမ်းလုပ်နေရတဲ့
သားအကြောင်းများစကားလုပ်ပြောနေသေးတယ်
ကျွန်မသမီးကပင်ပင်ပန်းပန်းလုပ်စရာမလိုတဲ့ ဘွဲ့ရရှင့်
အခုလည်းစလုံးမှာသိရဲ့လား
ရှင့်သားလို O ဖြစ်နေတဲ့ မလေးကလူတွေကိုအခု အုံလိုက်ကျင်းလိုက်
ဒီပြန်ပို့ခံနေရတာအားလုံးအသိပဲ
လူကိုများဘယ်ခေတ်မှာနေနေတယ်ထင်လဲ အခုက Internet ခေတ်ရှင့် သိရဲ့လား
ဘာမှကိုဖုံးကွယ်ထားလို့မရဘူး အားလုံးက Internet ပေါ်တက်လိုက်ရင်
အကုန်ပေါ်တယ်

ခင်ဗျားသမီးက စလုံးမှာဟုတ်လား ဘာတုန်းဗျ စလုံးဆိုတာ ဘွဲ့ရဆိုတော့..သိပြီ
စစ်ကိုင်းချောင်မှာသီလရှင်ဝတ်နေတာလား ဘာဘွဲ့ရတာတုန်းဗျ မသုဓမ္မစာရီဘွဲ့လား
ဘယ်နှစ်ဝါရှိပြီတုန်း အေးဗျာ ကျုပ်သားလို လူတွေကိုပြန်ပို့တယ်ဆိုတော့လည်း
ကောင်းတာပါပဲ ကျုပ်တို့ကလည်း ကျုပ်သားကိုပြန်တွေ့ချင်လှပါပြီ
အင်တာနက်တက်တာတွေဘာတွေတော့မသိဘူးဗျ အိမ်သာတက်ရင်လည်းအားလုံးပေါ်တာပါပဲဗျ
ခင်ဗျားနှယ်ဗျာ မသိဘူးလား

ရှင်နော်ရှင် ခက်ပါတယ်လေ ဘာမှနားမလည်တဲ့သူကိုပြောရတာ
နွားကိုချောကလက်ကျွေးသလိုပဲဖြစ်မှာ ကျွန်မသမီးအခုစင်ကာပူမှာ
အက်စ်ပတ်နဲ့အလုပ်လုပ်နေတာရှင့် သိပြီလား ရှင့်သားလို
အို ဖြစ်နေလို့ပုန်းနေရတဲ့ဘ၀မဟုတ်ဘူး

ခင်ဗျားဗျာ သမီးမိန်းကလေးကိုများ
နိုင်ငံခြားလွှတ်ထားတယ်ပြီးတော့လည်းလုပ်ခိုင်းတာအက်စ်ပတ်နဲ့အလုပ်လုပ်ခိုင်းတာတဲ့
ဒါကြွားစရာလားဗျာ တော်တော် နားရှက်စရာတွေ
ကျုပ်သားကယောက်ျားလေးဗျ ဒေါင်ကျကျပြားကျကျ
ခင်ဗျားသမီးကမြန်မာမိန်းကလေးနော် မလုပ်ခိုင်းသင့်ဘူး ဒီလိုမျိုး

ရှင်ဘာတွေပြောနေတာလဲ ကျွန်မသမီးက စာရင်းကိုင်လုပ်တာရှင့် အကောင့်တန့်
(accountant) လုပ်တာ Spass ဆိုတာလည်း ရှင့်သားလို
ပုန်းရှိုးကွယ်ရှိုးနေစရာမလိုအောင်
အစိုးရကအသိအမှတ်ပြုပေးထားလို့နေခွင့်ရတဲ့ခွင့်ပြုမိန့်ကိုပြောတာ ခက်ပါတယ်
တော်ပြီတော်ပြီ ရှင်နဲ့ပြောရတာ အချိန်ကုန်တယ်

သမီးရေ အေး.. ဆောရီးပါသမီးရယ် ဒီမှာလေ ဘေးမှာ
ဘာမသိညာမသိတောသားတစ်ယောက်ကို သမီးအလုပ်အကြောင်းရှင်းပြနေရလို့ပါ
အေးပါသမီးရယ် မေမေသမီးပြောထားတာမမေ့ပါဘူး Work permit
နဲ့သွားတဲ့လူရဲ့မိဘတွေဆိုအရောမ၀င်ပါဘူး Spass ဆိုတန်းတူပေါ့ PR ဆို
သေသေချာချာဂရုစိုက်ပေါင်းမယ်နော်

(အမျိုးသားကြီး…)
အေး.. ဟေ့ကောင် မင်းကျန်းမာရေးလည်းဂရုစိုက်ပါကွာ မင်းကိုပြောရအုန်းမယ်
ရွာတောင်ပိုင်းက
ကျော်ဒွန်းတို့တတွေကမင်းပို့လိုက်တဲ့ပုံတွေကြည့်ပြီးမင်းကို
မြို့သားကြီးနဲ့တောင်တူနေပြီလို့ပြောနေကြတာကွ
ရွာကလူတွေအားလုံးကမင်းကိုသတိရနေကြတာပါကွာ

(အမျိုးသမီးကြီး…. )
သမီးရေ ချစ်သူတွေဘာတွေရောထားနေပြီလား
ဒီအရွယ်ရောက်မှတော့မထားနဲ့မပြောလိုပါဘူးသမီးရယ် သေချာတော့ရွေးနော်သမီး
သမီးပြောပြထားလို့မေမေတောင်မှတ်မိနေပါတယ် ဘာတဲ့ စလုံးကကောင်မလေးတွေက
ကောင်လေးတွေကို C သုံးလုံးနဲ့ရွေးတယ် Condo,, Car,,, Creditcard,,,
ဆိုတာလေ သမီးလည်းအဲလိုရွေးနော်
PR ဆိုအသားမည်းလည်းရတယ် သွားကျဲလည်းလှတယ် ဟုတ်လား ဟားဟား အေးပါသမီးရယ်
ညည်းသိရင်ပြီးတာပါပဲ

သမီးမေမေ့ဆီပို့လိုက်တဲ့ဓါးကြီးပါတိတ်ရောင်စုံကိုဝတ် သမီးပို့တဲ့
အိတ်လေးကိုင်ပြီးမေမေအပြင်ထွက်တုန်းကလေ အမလေးသမီးရယ်
ရပ်ကွက်ထဲကမိန်းမတွေလေ ၀တ်ထားတဲ့ထမီလေးလှလိုက်တာ
အိတ်လေးကဘယ်လောက်ပေးရလဲဟင်ဆိုပြီးအတင်းလိုက်မေးကြတာ
မေမေကလည်းမကြွားချင်ပါဘူးသမီးရယ် ဒါတွေကသမီးလေး စလုံးက၀ယ်ပေးထားတာ
ဒီမှာတောင်ရှိချင်မှရှိအုန်းမှာလို့အားနာနာနဲ့ပဲပြောပြလိုက်ရတယ်

(အမျိုးသားကြီး…..)
ငါ့သား မင်းအဲဒီက မိန်းမတွေတော့ယူမလာနဲ့ကွာသိလား အဘတို့ကငါ့သားကို
ရွာကလုံမတွေနဲ့ပဲယူစေချင်တယ်ကွာ အကြောင်းသိချင်းဆိုတော့ကောင်းတာပေါ့ကွာ
မင်းရည်းစား ရွှေမိလည်း နောက်လဆို ယောက်ျားယူတော့မယ်ဆိုပဲကွာ
ဟိုဘက်ရွာကဆီစက်ပိုင်ရှင်သားလို့ပြောတာပဲ
သူ့အမေကြီးကငွေမက်တာမင်းလည်းအသိပဲလေကွာ
မင်းသွားတော့ရွှေမိခမျာငိုလိုက်တာတဲ့ အခုတော့လည်း
သူ့မိဘစကားမလွန်ဆန်နိုင်ဘူးထင်ပါရဲ့ကွာ

ပူမနေပါနဲ့ငါ့သားရာ အချိန်တန်တော့လည်း ထမီလှန်ရမှာပါ အာ…မှားလို့ကွာ
ဟိုဘက်ကမိန်းမက ထမီကြွားလုံးထုတ်နေလို့ အဘယောင်သွားတာပါ
အချိန်တန်တော့လည်း မင်းမိန်းမတစ်ယောက်ရအောင်အဘတို့လိုက်တောင်းပေးမှာပါ
အဲဒီကမလုံတဲ့မိန်းမတွေသာယူမလာနဲ့ဟုတ်လား အဲဒီနိုင်ငံခြားမှာ မိန်းမလည်တွေကများတယ်
အမေလူလည်မတွေကလည်းသမီးတွေကိုတစ်ထပ်တည်းဖြစ်အောင်သင်ပေးထားတာသိလား
မင်းကအတီးအတနဲ့ ခံနေရမယ်ကွ

ဒါနဲ့နောက်ဆိုမင်းဘာမှမပို့ပါနဲ့ကွာ ဟိုတစ်ခါမင်းပေးတဲ့
ချောကလက်ဆိုတာတွေကိုလည်း ငါတို့မစားတတ်ပါဘူး မင်းတူမတွေတောင်မကြိုက်ဘူးကွ
သူတို့ကပြောတယ် မင်းတို့နိုင်ငံခြားကလုပ်တဲ့ထန်းလျက်ကတို့လုပ်တဲ့ထန်းလျက်လောက်တောင်
အရသာမရှိဘူးတဲ့ကွ အရောင်ကလည်း မည်းမည်းတူးတူးနဲ့ ထန်းလျက်ကမှဖြူသေးတယ်ဆိုလားပဲကွာ

(အမျိုးသမီးကြီး….)
ဒီမှာရှင်ဘယ်သူ့ကိုစောင်းပြောနေတာလဲ ကျွန်မဘာသာလူလည်မ
မကလို့ပန်ကာမပဲဖြစ်ဖြစ် ရဟတ်မပဲဖြစ်ဖြစ် ရှင်နဲ့ဘာဆိုင်သလဲ
ယောက်ျားကြီးဖြစ်ပြီး အတင်းကလည်းပြောသေး ရှင့်သားလို အိုဖြစ်နေတဲ့
အောက်လမ်းကသွားတဲ့သူမျိုးကိုဘယ်သူကမှ စိတ်လည်းဝင်စားမှာမဟုတ်ဘူးပူမနေနဲ့

(အမျိုးသားကြီး…)
အတင်းမပြောရပေါင်ဗျာ ခင်ဗျားနောက်ကွယ်မှာပြောမှအတင်းဖြစ်တာပေါ့
ခုကဘေးတင်ပြောနေတာ အတင်းလည်းမပြောဘူး လုလည်းမပြောဘူး အမှန်ကိုပြောနေတာ
ကျုပ်သားကိုကျုပ်စိုးရိမ်လို့မှာတာ
အောက်လမ်းကပဲသွားသွားအထက်လမ်းကပဲသွားသွား ဘယ်လိုပဲဖြစ်ဖြစ်
နိုင်ငံခြားတော့ရောက်သွားတာပဲမှတ်လား
ကျုပ်သားလေးကျုပ်တို့ကို လုပ်ကျွေးနေတာဗျ ခင်ဗျားတို့လို ခေတ်မီချင်လို့
ကြွားချင်လို့ ငွေကုန်ခံပြီးသားသမီးကိုအဝေးပို့ထားတာမဟုတ်ဘူး
ဘယ်နှယ့်ဗျာကိုယ့်လည်းတတ်နိုင်သားနဲ့ သားသမီးကိုများ ဂုဏ်ပြိုင်ချင်လို့
မိဘရင်ငွေ့နဲ့ဝေးတဲ့နေရာပို့ထားရက်တာ အံ့သြမဆုံးဘူး

(အမျိုးသမီးကြီး ခါးထောက်မတ်တပ်ရပ်လျက် …..)
ရှင် ရှင် လူပါးဝလှချည်လား ကျုပ်တို့ဘာသာဘာလုပ်လုပ် ဖြစ်နိုင်ရင်
ကျုပ်တို့ကလေ သားသမီးကို အဝေးတင်မကဘူး သိကြားမင်းနေတဲ့ တာဝတ
ိံသာတောင်ပို့ချင်သေးတာ မြင့်ချင်သလောက်မြင့်ပစေ
ဘာဖြစ်လဲဂုဏ်ပြိုင်တော့ ပြိုင်စရာရှိမှပြိုင်လို့ရတာ
ရှင်တို့လိုတောသားတွေကတော့ဒါမျိုးဘယ်နားလည်ပ့ါမလဲ ခုခေတ်ကဒီလိုပဲရှင့်
နိုင်ငံခြားသွားတဲ့ခေတ်
နိုင်ငံခြားမှာနေမှ လူရာဝင်တဲ့ခေတ်လေ
ရှင်တို့ကမိုးလင်းကမိုးချုပ်လယ်ကွင်းထဲမှာ
ရွှံ့တွေဗွက်တွေထဲကမတက်စတမ်းအလုပ်လုပ်နေကြရတာကိုး ဒါတွေမသိတာမဆန်းပါဘူး

(အမျိုးသားကြီး ဒေါသထွက်သွားသောပုံစံဖြင့်….)
ဘာဗျ ကျုပ်တို့တွေ အဲဒီလိုလယ်ထွန်ပြီးစပါးစိုက်ထားလို့ခင်ဗျားတို့
စားနေတဲ့ ဆန်ဆိုတာရတာ
စားပြီးနားမလည်ဆိုတာ
ခင်ဗျားလို့လိုလူကုံထံဟန်ဆောင်ထားတဲ့သူတွေကိုပြောတာဖြစ်မယ်
ကျုပ်ကိုပြောချင်သလောက်ပြောရတယ် လယ်သမားတွေရဲ့ဘ၀တွေကိုမစော်ကားနဲ့ဗျ
ခင်ဗျားဗျာ မိန်းမဖြစ်နေလို့
မဟုတ်ရင်တော့လက်သီးတစ်လုံးလောက်တော့ကျွေးလိုက်ပြီ

(အမျိုးသမီးကြီး ဆွေ့ဆွေ့ခုန်လျက်……….)
အောင်မယ် လုပ်ရဲလုပ်ကြည့်စမ်းပါ ကျုပ်လက်ဝါးကလည်း ပါးမရွေးဘူးရှင့်
ငြိမ်ခံနေမယ်များမှတ်သလား သူများသေးသေးတင်မခံချင်လို့နာမည်ကိုက
မူယာလို့ပေးထားတာ သေးသေးတင်မပါဘူးသိလား

( အမျိုးသားကြီး….)
အေးလေ ဒါကြောင့် အမေရောသမီးရော မူယာမာယာများနေကြတာပေါ့
မူရင်းကောင်းမှမိတ္တူကောင်းမယ်ဆိုတဲ့စကားသိပ်မှန်တာပဲကိုး
ခင်ဗျားမိဘတွေ နာမည်ပေးတာတကယ်တော်တယ်ဗျာ ဒီမှာ ဒေါ်မူယာမာယာကြီးကျုပ်ကလည်း
သံခဲတဲ့ တစ်ခဲတည်းရှိတာ နှစ်ခဲရှိလို့ကတော့ အရည်ကျို
မီးမြှိုက်ပစ်လိုက်မယ် တစ်ပွဲတစ်လမ်းစမ်းချင်လို့လား အဒေါ်ကြီး လာလေ
မိန်းမဆိုပြီး ညှာမယ်မထင်နဲ့

(ဆိုင်ရှင်ကောင်မလေးနှင့် ကောင်လေး …)
ဟာ……. ဦးလေးတို့ အန်တီတို့ တော်ကြပါတော့ ရန်မဖြစ်ကြပါနဲ့ internet
ဆိုင်ကရန်ပွဲဆိုပြီး ဟိုချောကလက်မြို့က ကုန်ကြမ်းရှာနေတဲ့ လွမ်းတို့ mAy
mE တို့ ဘရဏီ တို့က bLog တွေထဲထည့်ရေးအင်တာနက်ပေါ်တင်လိုက်လို့
ကျွန်မတို့ဆိုင်နာမည်ပျက်နေပါ့မယ်

ဆက်လက်ဖတ်ရန်...