2 August 2008
မိုးမခ
ဂူးဂဲက အခမဲ့ပေးထားသော ဘလောက်အချို့ကို ယခုရက်ပိုင်းအတွင်း ပိတ်ဆို့ထားလိုက်သည်ကို တွေ့ရသည်။ ဘလောက်ဂါတို့က ၎င်းတို့စာများ၊ ရုပ်ပုံများကို တင်ရန် လော့ဂ်အွန် လုပ်ချိန်တွင်၊ ဂူးဂဲက “သင်၏ ဘလောက်ကို စပမ် (စားသုံးသူများကို အလွဲသုံးစား) လုပ်နေသည်ဟု ကျွန်ပ်တို့ အလိုအလျောက်စနစ်များက ယူဆသဖြင့် ယာယီ ပိတ်ဆို့ ထားပါကြောင်း၊ သင်သည် ယခုဘလောက်ကို အမှန်တကယ် စားသုံးသူဖြစ်ပါက ဂူးဂဲသို့ အကြောင်းပြန်ပါက ပြန်လည်စဉ်းစားမည် ဖြစ်ကြောင်း” သတိပေးစာတမ်း ထွက်ပေါ်လာသည်ကို တွေ့ရသည်။ ထိုနောက် အသစ်တင်သော စာများကို တင်ပေးမည် မဟုတ်သော်လည်း ယာယီသိမ်းဆည်းထားနိုင်သည်ဟု ဂူးဂဲစနစ်က စာမျက်နှာတွင် ဆိုသည်။
မိုးမခဘလော့ဂ်ကို မွမ်းမံခွင့် ပိတ်ပင်ထားကြောင်း၊ ရက် ၂၀ အတွင်း ပြန်လည်ဆက်သွယ်ခြင်း မပြုပါက ဘလော့ဂ်ကို ဖျက်သိမ်းမည်ဖြစ်ကြောင်း အထက်ပါအတိုင်း ကြေညာခံခဲ့ရသည်။
ဂူးဂဲက စနစ်သစ်များကို စမ်းနေရာတွင် ချို့ယွင်းမှုများ ဖြစ်နိုင်ကြောင်း၊ ဘလောက်များက စာသားများ ဆောင်းပါးများကို ဘလောက်ဂါများ အချင်းချင်းနှင့် စာဖတ်သူတို့က အီးမေးများ ပေးပို့ကြ၊ အင်တာနက်ပေါ်တွင် လှည့်ပတ် ဝေမျှနေကြသည်တို့ကို “စီးပွားရေး၊ ကိုယ်ကျိုးရှာ ၀ိသမသမားများ၏ စားသုံးသူများကို လှည့်ဖျားသည့် လုပ်ရပ်” ဟု အမှတ်မှားပြီး ထို ဘလောက်များကို ပိတ်ဆို့လိုက်ပုံရသည်ဟု အင်တာနက်ဘလောက်ဂါ ဖိုရမ်တခုတွင် ထင်မြင်ချက်ပေးထားသည်။
မြန်မာဘလောက်များထဲက မိုးမခဘလောက်မှာလည်း ထိုအပိတ်ခံရသည့် စာရင်းတွင်ပါသည်။ လူကြိုက်များသည့် ဒေါက်တာလွဏ်းဆွေဘလောက်မှာလည်း ယခုရက်တွင် ခေတ္တနားမည်ဟု အကြောင်းကြားထားရာ ဂူးဂဲ၏ နံမည်ပျက်စာရင်းထဲ ပါသွားသလားဟု ထင်စရာဖြစ်နေသည်။
ယခုတလော ဒီမိုကရေစီဘက်တော်သား စာနယ်ဇင်းဆိုက်များဖြစ်သည့် ဒီဗွီဘီနှင့် မဇ္ဇျိမဆိုက်များကို မလိုလားသူများက နည်းပညာများသုံး ပိတ်ဆို့ကြသည့် သတင်းများ ယခုတလော ခေတ်စားနေချိန်၊ အင်တာနက်စနစ်များ အခမဲ့ဝန်ထမ်းနေသော ဂူးဂဲက သူလွတ်လပ်ခွင့်ပေးထားသော ဘလောက်များကို ပြန် ဘလောက်လုပ်လိုက်သည်မှာလည်း ရယ်သွမ်းသွေးစရာဖြစ်သည်ဟု မိုးမခက ၀က်ဆရာ သာဂိက ဆိုသည်။ “ဂူးဂဲနဲ့ စစ်အစိုးရ ဒီတခေါက်တော့ တူသွားပြီ။ ၀က်ဆိုက်တွေကို ပိတ်တဲ့ နေရာမှာ … “
Showing posts with label news. Show all posts
Showing posts with label news. Show all posts
Sunday, August 3, 2008
ဂူးဂဲကိုယ်တိုင်က ဘလောက်အချို့ကို အလွဲသုံးသည်ဟုဆိုပြီး ပိတ် မိုးမခဘလောက်လည်း အဲဒီစာရင်းထဲမှာပါ
Labels:
news
Subscribe to:
Posts (Atom)

