Saturday, February 19, 2011

အားမာန်

19.2.2011
လေတိုက်တိုင်းသာ ၊ ပန်းကြွေပါမူ ၊ ဘယ်မှာ ပန်းများ ကျန်မည်နည်း။
လှိုင်းပုတ်တိုင်းသာ ၊ ကမ်းပြိုပါမူ ၊ ဘယ်မှာ မြေကြီး ကျန်မည်နည်း။
ကျရှုံးတိုင်းသာ ၊ ငိုရပါမူ ၊ ဘယ်မှာ မျက်ရည် ကျန်မည်နည်း။
အမှောင်တ၀က် ၊ လင်းတ၀က်မှာ ၊ တရက်တခါ ၊ တွေ့မြဲသာတည်း။
အရှုံးတလှည့် ၊ နိုင်တလှည့်မှာ ၊ မျက်လှည့်ပမာ ၊ တွေ့မြဲသာတည်း။
လှုပ်ရှားရသော ၊ လူ့ရွာတောဝယ် ၊ လင်းသော မှောင်သော ၊ အောင်သော ရှုံးသော၊
မုန်းသော ချစ်သော ၊ သစ်သော ဟောင်းသော ၊ ဆေးကြောစိတ်ဖြာ ၊ မနေသာပေ
လဲရာက ထ ၊ ကျရာက တက် ၊ ပျက်ရာက ဆောက် ၊ ရှေ့သို့လျှောက်၍ ၊
ရောက်ရာဘ၀ ၊ အားမာန်ပြရင်း ၊ ရုန်းရ ကန်ရ မည်သာတကား။
(အမည်မသိ စာဆိုတော်)

No comments: